Monday, 3 February 2014

ဂျင်းးးဆေးဖက်ဝင်

အစွမ်းထက် "ဂျင်း" ပင်၏အာနိသင်များ။
=======================
ပင်နုပင်ပျော့မျိုးဖြစ်၏။အမြင့်(၃)ပေမှ(၄)ပေခန့်ထိမြင့်ပြီးရွက်ရောင်ပင်စည်မျိုးဖြစ်သည်။အရွက်မှာရွက်ဖျားချွန်းပြီးရွက်ရင်းသွယ်သည်။အညိုနုရောင်ရှိသောမြေအောက်ပင်စည်ဥအတတ်ရှိပြီးဥ၏အဆစ်နေရာများတွင်အဖတ်လေးများရှိသည်။အေးသောဓာတ်ရှိ၏။ နှုတ်ကိုမြိန်စေ၏။ကြေကျက်လွယ်၏။ ၀မ်းမီးကို တောက်စေ၏။သလိပ်လည်းခြေဒေါသကိုနိုင်၏။ဆီးဝမ်းကိုရွှင်စေ၏။အဆိပ်ကိုနိုင်၏။အသနာ၊ရင်နာ၊လေနာတို့ကိုနိုင်၏။ ပြင်းထန်သောအနာပေါက်ခြင်းနှင့်ထိခိုက်ခြင်းကြောင့်ဖြစ်သည့်ရောင်တင်းသောရောဂါများ ပျောက်ကင်းစေသည်။ဂျင်းစိမ်းဥတတ်အရည်နှင့်ပျားရည်ကိုရောစပ်ကာလျက်ပေးပါက နှာစေချောင်းဆိုး နှင့်ပန်းနာရင်ကြပ်ရောဂါများပျောက်ကင်းသည်။ဂျင်းစိမ်းရည်နှင့်ကြက်သွန်နီဥမှညှစ်သောအရည်တို့ကိုမျှတစွာရောသောက်သော် အော့အန်ခြင်း၊ ကြို့ထိုးခြင်းများပျောက်သည်။ဂျင်စိမ်းရည်အားနှမ်းဆီနှင့် ကြိုချက် ကာရသောဆီကိုအဆစ်အမြစ်ရောင်ရမ်းသောနေရာတွင်လိမ်းပေးသော် ဝေဒနာများလျှင်မြန်စွာသက်သာ ပျောက်ကင်းသည်။ဂျင်းစိမ်းကိုဝါးပြီးကိုက်သောနေရာတွင်ငုံထားပါကသွားကိုက်ခြင်း၊သွားနာခြင်းများ ပျောက်ကင်းသည်။ဂျင်းစိမ်း၊ထန်းလျှက်နှင့်ကွမ်းရွက်တို့ကို ရောကာပြုတ်သောက်သော်တုတ်ကွေးနာ ပျောက်ကင်းနိုင်ပြီး သားဖွားမိခင်များအတွက် သွေးသားစင်ကြယ်စေသည်။

Credit- Myanmar Market Economy

***GAL***

No comments:

Post a Comment