နိဂုံးသုံးသပ်ချက် မြန်မာနိုင်ငံ အစိုးရအသစ် တက်လာပြီး စင်ကာပူကို လူတွေ တစ်ဖွဲဖွဲ ထွက်လာမှု ပိုမိုများပြားလာတာ မျက်ဝါးထင်ထင် တွေ့ရပါတယ်။ မြန်မာဆိုရင် ဘိန်းဘုရင်၊ စစ်အာဏာရှင်ဟောင်း၊ လက်ရှိ အာဏာရ ဝန်ကြီး သားသမီးများ၊ စီးပွားရေး၊ ခရိုနီများရဲ့ သားသမီးများစွာ ကျောင်းတက်၊ ဆေးကု၊ ကွန်ဒို၊ အိမ်ရာများ ဝယ်ပြီး နေထိုင်ကြပါတယ်။ ဆင်းရဲသား သားသမီးများလည်း အိမ်ဖော်၊ အလုပ်သမား WP ဘဝနဲ့ စင်ကာပူမှာ လာရောက် အလုပ်လုပ်ကိုင်ကြပါတယ်။ အဲ.. ပညာတတ် ဆိုတဲ့ ဘွဲ့ရ၊ ဒီပလိုမာ လူငယ်များစွာလည်း S-pass, EP, PR, Citizen, Dependent, Business pass တွေနဲ့ အလုပ်လုပ်ကိုင်ကြပါတယ်။ ဒီတော့ လူဆိုး၊ သူခိုးများကအစ လူကောင်း၊ လူတော်များ၊ ဆင်းရဲမွဲတေသူများ အဆုံး မြန်မာများစွာ စုပြုံ၊ ပြွတ်ကျပ်နေထိုင်တဲ့ စင်ကာပူ ၂၀၁၄ အခြေအနေ တစ်ခန်းရပ်ဖြစ်ပါတယ်။
the voice myanmar
No comments:
Post a Comment