Saturday, 5 April 2014

ဆက်ဖက်ရန်မိုးစနေလေရာဟု

ပုံမှန်အနေနဲ့တော့ ဒီ Norwester တွေဟာ မတ်လနဲ့ ဧပြီလရောက်ရင် လတ္တီတွဒ် ၂၀ ဒီဂရီမြောက်ရဲ့ မြောက်ဘက်အရပ် တွေမှာပဲ  ဖြတ်သန်းသွားလေ့ရှိ ပါတယ်။ ဒါပေမဲ့ အချို့နှစ်တွေ မှာတော့ မုတ်သုံလေက အား နည်း၊ အနောက်လေစီးတွေက ပိုမိုအားကောင်းပြင်းထန်နေရင် တော့ ဒီ Norwester တွေဟာ ပုံ မှန်ထက်လည်း ပိုမိုအကြိမ်အရေ အတွက် များတတ်တဲ့အပြင် ပုံမှန် ထက်လည်း ပိုမိုနိမ့်ဆင်းလာပြီး မြောက် ၂၀ ဒီဂရီလတ္တီတွဒ်ရဲ့ တောင်ဘက်အထိ ဆင်းလာတတ် ကြပါတယ်။ ဒါကြောင့် ဧပြီလ အတွင်း လေပြင်းတိုက်ခတ်မှုနဲ့ မိုးသီးကြွေကျမှုတွေကို တစ်ခါ တစ်ရံ အလယ်ပိုင်းဒေသတွေသာ မက အချို့နှစ်တွေမှာ မြစ်ဝကျွန်း ပေါ်ဒေသများအထိ နိမ့်ဆင်းလာ တတ်ကြပါတယ်။ ဒီအနေအထားမျိုးဖြစ်လာ ရင်တော့ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသများရဲ့ နေ့အပူချိန်တွေကို ကျဆင်းလာစေပြီး တောင်ပိုင်း ဒေသတွေမှာတော့ နေ့အပူချိန် တွေကို ပိုမိုမြင့်တက်လာစေပါ တယ်။ အဲဒါဟာ မြန်မာနိုင်ငံ မြောက်ပိုင်းက လေထုဖိအားတွေ ကို မြင့်တက်လာစေပြီး တောင် ပိုင်းက လေထုဖိအားတွေကိုတော့  ကျဆင်းစေပါတယ်။ ဒီတော့ လေ တို့ရဲ့ သဘာဝဟာ လေဖိအားများ ရာက နည်းရာကို တိုက်ခတ်တဲ့ သဘာဝရှိလေတော့ လေတွေကို မြောက်ဘက်မှ တောင်ဘက်သို့ တိုက်ဖို့ တွန်းအားတွေကို ဖြစ်စေ ပါတော့တယ်။ အမှန်မှာတော့ မိုးကြိုကာ လ ဆိုတာ မြန်မာနိုင်ငံအတွင်းကို တောင်ဘက်အရပ်ကနေပြီး မုတ် သုံလေ စတင်ဝင်ရောက်ရတော့ မယ့် ကာလပါ။ အခုတော့ တောင်ဘက်က မြောက်ဘက်ကို တက်လာ မယ့် မုတ်သုံလေဦးကို ဆန့်ကျင် ပြန်တွန်းထားသလို အားဖြစ်နေ စေတော့ မုတ်သုံလေဦးဟာ တိုး မ၀င်နိုင်ဘဲ မုတ်သုံအ၀င်ဟာ နောက်ကျရပြန်ပါတယ်။ တကယ်တော့ ဧပြီလဆိုတာ အောက်ခံမြေပြင်တွေ အလွန်ပူ ပြင်းနေပြီဖြစ်တဲ့ ကာလဖြစ်ပါ တယ်။ ရေငွေ့နဲ့အတူ မိုးရွာသွန်း မှုဖြစ်စဉ်တွေကို သယ်ဆောင်လာ မယ့် မုတ်သုံလေဦးဟာ မြန်မာ နိုင်ငံ၊ မြစ်ဝကျွန်းပေါ်ဒေသတွေ နဲ့ အလယ်ပိုင်းဒေသတွေဆီ တိုး မ၀င်လာနိုင်တော့ မိုးဆိုတာဝေး လို့ တိမ်တွေတောင် ကောင်း ကောင်းမဖြစ်တော့ပါဘူး။ တကယ်တော့ အခုလို နွေရာသီ ကာလတွေမှာ လေတိုက်ခတ်မှု၊ တိမ်ဖြစ်ပေါ်မှုတို့ဆိုတာ အရေး ကြီးပါတယ်။ သူတို့က ပုံမှန်ဖြစ် နေကြရမှာပါ။ တိမ်တွေဖြစ်နေ ရင် နေက၀င်လာတဲ့ Incoming Solar Radiation တွေကို လျော့ ပါးစေတယ်။ လေတွေတိုက်နေ ရင် အပူစုစည်းမှု (Accumulation of Heat) ကို လျော့ပါးစေတယ်။ သူတို့ဖြစ်နေကြမှ နွေရာသီရဲ့ ပူပြင်းမှုကို ဖြေဖျောက်ပေးနိုင်တဲ့ Moderating Effect ကို ရစေနိုင် မှာ ဖြစ်ပါတယ်။ သူတို့ကြောင့် အပူဒဏ်ကို လျော့နည်းစေပါ တယ်။ အချို့နှစ်တွေမှာ တိမ်က လည်းမဖြစ် မုတ်သုံလေဦးက လည်း တိုးမ၀င်နိုင်ဖြစ်လို့ အပူချိန် တွေဟာ ပုံမှန်ထက် ကျော်လွန် မြင့်တက်လာကြပြီး အပူဒဏ်ကို အလူးအလဲခံကြရပါတယ်။ တကယ်တော့ ရာဟုထောင့် နဲ့ စနေထောင့်ဆိုတာ မြန်မာနိုင်ငံ ရဲ့ မြောက်ဘက်နဲ့ တောင်ဘက်ကျ တဲ့ အရပ်တွေပါပဲ။ မြောက်ဘက် ကလာတဲ့လေက လေအေး၊ တောင်ဘက်ကလာတဲ့ လေက လေနွေး။သဘာဝကတော့ ဆန့်ကျင်ဘက်ပါပဲ။ ဧပြီ-မေဆိုတာဟာ တောင်ဘက်က မုတ်သုံဝင် ရောက်ရမယ့် အချိန်။ မြောက်ဘက်ကို စစ်ချီ သလို တက်လာရမယ့် အချိန်။ ဒီတော့ ‘‘စစ်ဦး ဘီလူး’’ ဆိုသလို တောင်ဘက်က လေတွေဟာ သဘာဝအရကကို ကြမ်းတမ်းရ မယ်။ ပြင်းထန်ရမယ်။ ဒါက ရှိရ မယ့်သဘာဝ။ ဒါပေမဲ့ ၁၉၇၈ ခုနှစ်ကစပြီး နောက်ပိုင်းကာလ တွေမှာ အဲဒီစစ်ဦးဟာ မ ဘီလူး နိုင်တော့ပါဘူး။ ပျော့တိပျော့ဖတ် နဲ့ မကြာမကြာ အားအင်ချည့်နဲ့နေ တာကို နှစ်တိုင်းတွေ့လာရပါ တယ်။ ဒီတော့ တိုက်ပွဲတစ်ခုလို သဘောထားပြီး အားချိန်ဆကြည့် ရရင် တောင်ဘက်ကလေက တိုက်စစ်၊ မြောက်ဘက်ကလေက ခံစစ်။ သူမြောက်ဘက်ကို မတက် နိုင်ခြင်းဟာ သူကိုယ်တိုင်ကပဲ တိုက်စစ်အားပျော့နေလို့လား။ မြောက်ဘက်က လေအေးတွေကပဲ ခံစစ်အား တောင့်တင်းနေလို့ လား။ တိုက်စစ်က အားလျော့နေ ပြီး ခံစစ်အားက ကောင်းနေရင် တော်တော်နဲ့ ရှေ့ဘက်ကို မထိုး ဖောက်နိုင်သလို မိုးကလည်း တော်တော်နဲ့ကို မကျနိုင်ပါဘူး။ တစ်ခါ တိုက်စစ်အားက ကောင်း ပြီး တစ်ဖက်က ခံစစ်အားက လျော့နေရင်လည်း တပ်တွေဟာ ရှေ့ကိုမြန်မြန်ထိုးဖောက်ချီတက် နိုင်သလို မိုးကမြန်မြန် ကျတတ်ပါ တယ်။ ဒါကတော့ သဘာဝကျတဲ့ ဖြစ်ရပ်ပါပဲ။ ၂၀၁၄ ခုနှစ်မှာတော့ မြန်မာ နိုင်ငံမြောက်ဘက်အရပ်တွေမှာ အပူချိန်တွေ မြင့်တက်နေပါတယ်။ ကုန်းတွင်းပိုင်းတွေမှာ အပူကြောင့်ဖြစ်တဲ့ လေဖိအားနည်းရပ်ဝန်းတွေ ဖြစ်နေပါတယ်။ တောင်ဘက်အရပ်မှာ လေဖိအားများတဲ့ ရပ်ဝန်းကတော့ မပီပြင်သေးပါဘူး။ နောက်ပြီး ၂၀၁၄ ခုနှစ်ဟာ အယ်လ်နီညိုဖြစ်ဖို့ အလားအလာရှိတဲ့နှစ် ဇွန်လလောက်မှာ အယ်လ်နီညိုဖြစ်ဖို့ ၅၀ ရာခိုင်နှုန်းအထိ သေချာမှုရှိတယ်လို့ ခန့်မှန်းထားတဲ့နှစ်။ လောလောဆယ် ၂၀၁၄ ခုနှစ်မှာ ဘင်္ဂလားပင်လယ်အော်ထဲမှာ မုန် တိုင်းဖြစ်ခဲ့တယ်။ 012014B ပေါ့။ မတ်လထဲမှာ နေပြည်တော်နားက ရွာတစ်ရွာမှာ(၇)နှစ်အ ရွယ်ကလေးငယ်တစ်ဦး မိုးကြိုး ပစ်ခံရလို့ သေဆုံးခဲ့တယ်။ ပြီးခဲ့ တဲ့ရက်ပိုင်းကပဲ မြန်မာနိုင်ငံ မြောက်ပိုင်းနဲ့ အလယ်ပိုင်းက မြို့ သုံးမြို့မှာ အပူချိန်စံချိန်တင် အောင် တက်ခဲ့တယ်။ ဒါကြောင့် ဒီနှစ်ရဲ့ ရာသီဥတုအခြေအနေက ပူပြင်းပြီးခြောက်သွေ့မယ့်ဘက် က အလေးသာနေပါတယ်။ သေချာတာကတော့ ဒီနှစ် ရာသီဥတုဟာ ရောသမ ရာသီ ဖြစ်နေပါတယ်။ စောင့်မျှော်သာ နားဆင်ကြ ပါလို့သာ ...။

Author: မောင်ထွန်းလွင် (မိုးလေ၀သ)

7Day Daily

No comments:

Post a Comment