စာရေးသူက ခက်ပြတ်ပြတ်ပြောလိုက်မှ စကားပြတ်သွားသည်။သို့နှင့် သက်ဆိုင်ရာ အာဏာပိုင်တွေကိုအကြောင်းကြားပြီး ဆိုင်ရာပိုင်ရာကွင်းပိုင် နယ်ပိုင် သင်္ချိုင်းစောင့် အပါအ၀င် ပုဂ္ဂိုလ်အားလုံး၏ခွင့်ပြုချက်နှင့်အတူ နန်းစင်ချို၏ အလောင်းကိုဖော်ယူရန် တာဝန်ရှိသူတွေနဲ့ပူးပေါင်းစီစဉ်ကြတော့သည်။ မြို့နယ်အတွင်းရှိရွှာနီးစပ်များမှ ဒီသတင်းကို ကြားသိသွားကြရာမှအလောင်းဖော့်မည့် နေရတွင်ဆိုင်ခန်းများပင်ရောင်းရလျှက် စည်ကားနေကြောင်းတွေ့ရသည်။နန်းစင်ချို၏ ယောကျာင်္းဖြစ်သူ ဒေါင်းစိန် နှင့် သူ၏သူငယ်ချင်းများဖြစ်ကြသောသံချောင်း စိုင်းဇော်ထူးတို့နှင့်အတူ စာရေးသူပါ စိတ်ဝင်တစားကြည့်ရူ့လေ့လာကြသည်။ နန်းစင်ချို၏အခေါင်းပုံကို ပံမပျက်စေရန် မြေကိုတူးစွမတင်ကြပြီး မီးရို့နိုင်ရေးအတွက် ထင်းပုံပေါ်သို့တင်လိုက်ကြသည်။ “နန်းစင်ချိုအားမြှပ်နှံထားသော အခေါင်း၏ခေါင်းရင်းဘက်တွင် အပေါက်တစ်ပေါက်ရှိကြောင်း၊ ယင်းအပေါက်မှထွက်လာပြီးရွှာထဲသို့ဝင်လာတာဖြစ်ကြောင်း” ဆရာတော် မိန့်ကြားခဲ့သည့် အတိုင်း ကြည့် ကြည့်မိရာ အခေါင်း၏ ခေါင်းရင်းဘက်တွင် အပေါက် ငယ် တစ်ပေါက်ကိုတွေ့လိုက်ကြရသဖြင့် ကြည့်ရှု့သူအားလုံးတအံ့တသြဖြစ်သွား ကြရသည်။ သေချာနေပြီဖြစ်သောကြောင့် သံချောင်းတို့အု ပ်စုသည်အလောင်းအား ဓာတ်ဆီလောင်းကာ မီးရှို့လိုက်ကြလေတော့သည်… မီးတောက်များနဲ့အတူ နန်းစင်ချိုအားချစ်ခဲ့ရသည့်အချစ်မီးတောက်များမှာလည်း ဒေါင်းစိန်၏ရင်တွင်းဝယ် တောက်လောင်နေမည်မှာလည်း မလွဲဧကန်ပင်ဖြစ်မည်ဆိုခြင်းကို ငြင်းချက်ထုတ်စရာပင်မလိုတော့။ ထိုနေ့ ထိုရက်များမှ စပြီး မိုးနဲမြို့၌တစ္ဆေမလေး နန်းစင်ချိုအကြောင်းမည်သို့မည်မျှ မကြားရသည်မှာယနေ့ထက်တိုင်ပင် ဖြစ်ချိမ့်မည်။ ဤကားစာရေးသူကိုယ်တိုင်ကြုံတွေ့ခဲ့ရသော ဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်ဖြစ်လေ၏။
No comments:
Post a Comment